Telephone
ဂဏန်းရှစ်လုံးကိုနှိပ်လို့ ချစ်သူနဲ့ ဆက်သွယ် မပျက်ပြယ်တဲ့ သစ္စာတွေ အကြောင်းနဲ့ သူ့ကို ကျွန်တော် ချစ်ကာနေကြောင်းပြောတယ် သူကလည်း သူ့ ရင်က မေတ္တာတွေ အကြောင်းနဲ့ ခုအချိန်မှာ သူ့အတွက် ကျွန်တော်ဟာ လစ်ဟာနေကြောင်း အချစ်ပိုစွာနဲ့ အပြစ်ဆိုတယ်။ နှစ်ယောက်စလုံးရင်မှာ အလွမ်းပြေစေဖို့ တယ်လီဖုန်းလိုင်းတစ်လျှောက် အနမ်းဝေတယ်။ ကျေးဇူး တင်ပါရဲ့။ ဂရေဟမ်ဘဲလ် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးရယ်။ =D
တိတ်တိတ်ပုန်း
အိုတကယ်ပါ တိတ်တိတ်ပုန်းပါပဲ ဖွင့်ပြောဖို့လဲခက် ဆက်သွားဖို့လဲမတတ်နဲ့ ရှေ့တိုးရင် ဆိုးမယ် ရင်ထဲမှာသူ့အတွက်အချစ်ကလဲ အတိုးတက်နေ အချစ်ရယ် နင်က ငါ့အတွက် အဖိုးမဖြတ်နိုင်တဲ့သူ ငါ့ရင်ကို ကိုင်နှဲ့ သူ အို.....ငါပဲ မှိုင်ပြီး ရူးနေရပြီကွယ်။
ကောင်မလေးသို့
ကောင်မလေးရေ နင့်အလှမှာ အမြဲ ရစ်မူးနေခဲ့တဲ့ ငါက နင့်ကို လှတယ်လို့ မထင်ဘူးတဲ့လား ကောင်မလေးရေ နင့်အနားမှာ အမြဲနေချင်တဲ့ ငါက နင့်ကို ဂရုမစိုက်ဘူးတဲ့လား ကောင်မလေးရေ နင့်အချစ်ကို တန်ဖိုးထားလွန်းတဲ့ ငါက နင့်ကို မချစ်ဖူးတဲ့လား ဒါဆိုရင် နင်ဟာ ငါ့အချစ်ကို မမြင် ငါ့စိတ်ကို မတွေ့ ငါ့တန်ဖိုးကို နားမလည် နင်ဟာ ငါ့ရဲ့ အဝေးဆုံးကိုများရောက်နေသလားကွယ်........
ကောင်ဆိုးမလေးသို့
သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါ့စိတ်တွေသာ လက်တွေခြေတွေပါခဲ့ရင် နင့်ခေါင်းတစ်ခုလုံးလဲ ဖူးယောင်လို့နေမှာပဲ သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါ့အိပ်မက်တွေသာတကယ်ဖြစ်နေမယ်ဆိုရင် နင် ငါ့ရင်ခွင်ထဲမှာ အသက်ရှုကျပ်နေလောက်ပြီပေါ့ သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါ့ရင်ထဲကို နင်မြင်တတ်မယ်ဆိုရင် နင်ငါ့အချစ်တွေအကြောင်း လူတစ်ကာကို ကြွားနေလောက်ပြီပေါ့ သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါ့တန်ဖိုးတွေအကြောင်းနင်သိမယ်ဆိုရင် နင့်ကိုယ်ပေါ်မှာ ငါမကြိုက်တာတွေ နင်ဝတ်မယ်မထင်တော့ဘူး သိရဲ့လား..... ကောင်ဆိုးမလေးရေ ငါဟာနင့်ကို ကမ္ဘာဦး စုံတွဲထက်ပိုချစ်တယ် ငါ့ကိုယ်ငါထက်ပိုတန်ဖိုးထားမိတယ် ငါ့ဘ၀တစ်ခုလုံးစာထက်မျှော်လင့်မိတယ် ငါ့ဂုဏ်သိက္ခာတစ်ခုလုံးပုံအပ်ထားမိတဲ့အထိ အလေးထားနေမိတယ်။။
နှစ်သစ်ကူးကဗျာ
တိတ်ဆိတ်လွန်းတဲ့ည စကားသံတီးတိုးနဲ့ သူချွဲနွဲ့နေခဲ့တဲ့ ည အဲဒီည နှစ်သစ်ကူးည ၀င်သက်ထွက်သက်တွေ လှုပ်ရှား တစ်ချက်ချက်သွားနေတဲ့ နာရီကိုတောင်ရပ်ထားချင်မိရဲ့ အိုနှစ်သစ်ကူးည စိုအိတဲ့နှုတ်ခမ်းအတွေ့ နွေးထွေးတဲ့ သူ့ရင်ငွေ့ ကိုယ့်ရင်ငွေ့ခိုလှုံရင်း ဒီအချိန်လေးပြီးဆုံးမှာ ပူပန်နေရသူ ချစ်ခြင်းတွေနဲ့အတူပေါ့ နှစ်စဉ်အထီးကျန်ခဲ့သမျှ ဒီညမှအတိုးချလို့ အဘိုးတွေ အဘွားတွေ အခေါ်ခံရချိန်အထိ တို့ အတူ......... ဖြတ်သန်းသွားကြမယ် 2008 - 2009 မှစနှစ်အသင်္ချေထိနော်
ဂုဏ်သိက္ခာမလေးသို့
ငါ့ဂုဏ်သိက္ခာမလေးရေ တင်ဆက်နေတဲ့ ငါ့မျက်နှာထက် ကန်လန့်ကာနောက်က ငါ့ရင်ခွင်ကပို ခံစားတတ်နေတယ်ကွယ် နင့်စကားတစ်ခွန်းတိုင်းဟာ အမိန့်တော်တွေဆိုရင် ငါ့ခါးကြားကလက်သုံးတော်ကိုထုတ် ငါ့ကိုငါကွက်မျက်ဆိုလဲ ခံဝင့်ပါတယ်။ ဒါပေမယ့် အရှင်ထားရာနေ အရှင်စေရာသွား ကျွန်ငမိုက်သားကို အရှင့်မျက်နှာတော်လွှဲ ဥပက္ခာပြုမနေပါနဲ့ အကျွန့်ရင်မှာမချိတင်ကဲ ခံစားရလွန်းလို့ပါ။။။။
အမေ
အမေ အမေကတော့ တကယ့်အမေပါပဲဗျာ သားအကြီးဆုံးကို အင်ဂျင်နီယာတစ်ယောက်ဖြစ်အောင် ပြုစုဆုံးမပေးနိင်ခဲ့တယ်နော် အမေ အမေကတော့ တကယ့်အမေပါပဲဗျာ သမီးအလတ်က ဥပဒေအရာရှိဖြစ်စေဦးမတဲ့ တတ်လဲတတ်နိုင်တဲ့ အမေပဲဗျာ ဗျာအမေ အမေကတော့ တကယ့်အမေပဲဗျာ သားအငယ်ဆုံးလေးက စစ်ဗိုလ်ကြီးဖြစ်ပြီဆိုပဲ တော်လဲတော်တဲ့ အမေ တစ်ခုလောက်မေးပါရစေ အမေ အမေ့သားတွေ သမီးတွေ ဒီလိုတိုးတက်အောင် အမေဘာကြောင့် ပြုစုခဲ့တာလဲအမေ ဗျာအမေ ပီတိလေးတစ်ခုအတွက် တဲ့ လားအမေ အမေ့သားတွေ သမီးတွေ ဆီက ဘာမှမမျှော်လင့်ပါဘူးတဲ့ လားအမေ အမေ...... အမေ...... အမေ.....ရယ်။ ။ ရက်ရာဇာ@အောင်မျိုးဟန်
အို…..အချစ်သို့
နှုတ်ခမ်းနွေးတွေနဲ့ အလှမ်းဝေးမှာကြောက်တယ်ရင်ခွင်တံခါးကိုအသေပိတ်ခဲ့ပြီသူ့စိတ်တွေနောက်ပြန်မသွားပါစေနဲ့။ ။ ငါ့ရဲ့ သူငယ်ချင်းဆိုတဲ့ သောကြာထောင့်ကကောင်မလေး တနင်္ဂနွေထောင့်ကိုရောက်ခဲ့တယ် အချစ်အဖြစ်နဲ့လေ.... လက်ဝါးထဲအချစ်နှစ်ပြားထည့် ငါ့သွေးနဲ့ ဆေးတစ်ခွက်တိုက်မယ် သူ့အတိတ်တွေမေ့ပျောက်နိုင်ပါစေ အိုချစ်သူ နင်ဟာ ငါ့ရဲ့ ဘ၀ နင်ဟာ ငါရှင်သန်ရာ ကောင်းကင်ကို ပိုင်စားသူ နင်ဟာ ငါ့မျှော်လင့်ချက်တို့ရဲ့ သခင်မ နင်ဟာ ငါ့ဘ၀ကိုစေစားနိုင်သူ ငါ့ရဲ့တစ်ဦးတည်းသောအချစ် သက်တော်ရာကျော်ရှည်ပါစေ......
ပန်းသီးနှစ်ပတ်လည်
ခြောက်ဂဏန်းတစ်ခုမှာ ငါချောက်ကမ်းပါးတစ်ခုကနေကယ်တင်ခြင်းခံရတယ် ခွန်နစ်ဂဏန်းနေ့မှာငါ အလွန်အကျွံ ချစ်တတ်ခဲ့ပြီတစ်ဆယ်ဂဏန်းတစ်ခုမှာတော့ငါတွယ်တာရာမြတ်နိုးမှုတစ်ခုကို အပိုင်ရခဲ့တယ် သို့သော်ဆိုင်သာဆိုင် မပိုင်တာလားပိုင်သာပိုင်ဆိုင်ခွင့်မရသေးတာ လား????ငါ့ဟစ်တိုင် ညခေါင်းဦးထက်မှာစိုတလှည့်ခြောက်တစ်လှည့်သြော်....နောက်တစ်ခါမြောက်ပြန်လေတွေလာရင်ငါတို့စားခဲ့တဲ့ ပန်းသီးနှစ်ပတ်လည်မယ်.။ ။။။။။။။။
ညနေခင်းလမ်း
ညနေခင်းလမ်း ငါ့ကိုအလွမ်းပြည့်စေခဲ့တယ် အနမ်းနဲ့ လမ်းခွဲခဲ့တာ ငါနောက်ကြောင်းပြန်မလှည့်ချင်ဘူး ဒီလိုမိုးစုတ်စုတ်ချုပ်တိုင်း နင်နဲ့ငါ တံတိုင်းခြားဆဲလေ ဘ၀ရဲ့ ဒီအပိုင်းအခြားကို ငါအဆိုင်းမတွ ကျော်ခွပစ်ချင်တယ် မပြည့်စုံတဲ့မနက်တွေ ဒီတသက်မေ့မယ်မထင်ဘူး အိပ်ယာပေါ်က ခြေချတိုင်း ငါ့ရင်ကလှိုင်းတစ်ချို့ကြောင့် ငါ့နားနင်မရှိနိုင်သေးတာကိုမုန်းတယ်။ သြော် ရောက်လာပြန်ပြီ ဒီ ညနေခင်းလမ်း ငါတို့ အနမ်းနဲ့ပဲ လမ်းခွဲကြစို့ရဲ့။။။။။
အောင်ဆန်းပေးတဲ့မြန်မာပြည်
ခေါင်ခေါင် ဘလောဂ့် မှကူးချထားခြင်းဖြစ်ပါသည်။အရပ်ပုပုမျက်မှောင်ကုတ်ကုတ်ပိုသီပတ်သီ အညာသား။ဘီအေကျောင်းသားစကားမပြောပြောရင်မရပ်ညှင်းသိုးသိုး အရိုးခံခေါင်းအမာဆုံးဇွဲအရှိဆုံးစိတ်ဓာတ်အပြင်းထန်ဆုံး လူသား။သူမသိ နားမလည်တာတွေကအများသားရေမကူးတတ်ဘူးစက်ဘီးမစီးတတ်ဘူးစန္ဒရားမတီးတတ်ဘူးသီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူးမိန်းမ မပိုးတတ်ဘူး။ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူလမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူလွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူတွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်- ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကိုကွဲကွဲပြားပြားသိတဲ့သူလူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေခံစားဖို့ အချိန်မရခဲ့တဲ့သူသူ့ ဖြတ်သန်းမှုမှာလွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူသူ့ကိုဒဂုန်တာရာက ကင်ပွန်းတပ်အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။လုပ်သက်က ခပ်နုနုကျောင်းသားပေါက်စသခင်ပေါက်စစစ်သားပေါက်စနိုင်ငံရေးသမားပေါက်စဘ၀တွေက အဖုံဖုံအသက်က ၃၀ မရှိတရှိ။ဒီအောင်ဆန်း လက်တောက်လောက်လေးကိုဘာ့ကြောင့်နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။တကယ်ဆိုတော့ငါတို့အောင်ဆန်းကနယ်နယ်ရရမဟုတ် -ရိုးသားတဲ့မြန်မာတွေထက်ပိုရိုးသားတဲ့အောင်ဆန်းသတ္တိပြောင်တဲ့ မြန်မာတွေထက်ပိုသတ္တိရှိတဲ့ အောင်ဆန်းစွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊ဒီလိုအောင်ဆန်းသူ့ သွေးသားအရိုးအချဉ်တွေအားလုံးလွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီးစုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်းတကယ့်အရိုးခံ အောင်ဆန်းပေါ့။ဒီအောင်ဆန်းကိုလွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲအောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊ရှေးဘိုးဘွားမိဘပြည်သူတွေက- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြလူငယ်သွေးသောက်မြန်မာတွေက- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြစုကြ၊ ရုံးကြ၊ စည်းလုံးကြ။တကယ့်ဗမာတွေမဟာအောင်ဆန်းအနောက်ကပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့တ၀ုန်းဝုန်း ရိုက်ခတ်သံဟာအဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။အောင်ဆန်းရှေ့ ရောက်ရင်ရှမ်းတွေက ရှမ်းစကားမဆိုကြကချင်တွေကလည်း ကချင်စကားမဟကြအောင်ဆန်းကို ယုံကြည်စွာနဲ့သူတို့ သခင်အဖြစ် သိမှတ်ပြုကြအားလုံးသော တိုင်းရင်းသားတွေ။ဒီပြည်လုံးကျွတ်အားကိုစုစည်းနိုင်ခဲ့လိုလည်းအင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့အကင်းပါးသူတွေပီပီမတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကိုဒင်းတို့ ...
ချစ်သူသို့
ချစ်သူအရင်ကတော့ ငါဟာ နင့်ကို မမြင်ရရင်မနေနိုင်တဲ့ ရောဂါစွဲကပ်ခဲ့တယ်နင်သိပါတယ်ချစ်သူအရင်ကတော့ ငါဟာနင့်အသံမကြားရင် မကျေနပ်နိုင်တဲ့ ဝေဒနာရရှိခဲ့တယ်နင်သိပါတယ်ချစ်သူခုတော့ငါဟာနင်မရှိရင် မဖြစ်တဲ့ရောဂါ ရရှိနေပြီအဲဒီအတွက်ဆေးတစ်ခွက်နင်သိပါတယ်.......
ကြိုက်မရှက်၊ငိုက်မရှက်၊ငတ်မရှက်
ကြိုက်မရှက်တဲ့ဝန်ခံပါတယ်မင်းမျက်ဝန်း ၊ မင်းအပြုံးမင်းအကြင်နာ ၊ မင်းအနမ်းငါစွဲလန်းလွမ်းလို့ငါမရှက်နိုင်တော့ပါဘူး..............ိငိုက်မရှက်တဲ့ဝန်ခံပါတယ်မင်းစကား မင်းအမူအရာအားလုံးမှာငါအငိုက်မိခဲ့သူမို့ငါမရှက်နိုင်တော့ပါဘူး................ငတ်မရှက်တဲ့ငါဝန်ခံပါတယ်မင်းအကြင်နာ မင်းအချစ်မင်းရဲ့ဂရုစိုက်မှုတွေကိုငါငတ်မွတ်တောင့်တစွာလိုအပ်နေတာမို့ငါမရှက်နိုင်တော့ပါဘူး...............
ဝီရိယ လွန်တော့??????
အပူရည် (ကော်ဖီ) တွေကို မြိုချလိုက်တယ် တစ်ကြိုက်ဆိုမှ တစ်ကြိုက်တည်း ဘ၀ရဲ့ ဒီအခိုက်အတန့်ကို ကန့်လန့်တိုက်ပစ်ချင်နေတာ အရင်ဘ၀လောက်ကတည်းက ဆိုရင် မလွန်လောက်ဘူး မီးခွက်ရှိရာ ပြဿနာကရောက်လာတာပါဗျာ မီးခွက်က ပြဿနာလိုက်ရှာတာမဟုတ်ပါဘူး ဟုတ်ပါ့ ခွေးက သူ့ဘာသာအိပ်နေတာ လူတွေက သူ့အပေါ်ပြာတွေလာပုံသွားတာ ဒါနဲ့ များ ပြာပုံတိုးတယ် အပြောခံရသေးရဲ့ ဝေတေတေ၀ါးတားတား မနက်တိုင်း စားခဲ့တဲ့ မနက်စာတွေသာစကားပြောတတ်မယ်ဆို "အသင်လူသား သင်ဒီနေ့ ဘာလုပ်မလဲ" လို့မေးကြလိမ့်မယ် ရည်ရွယ်ချက်ရှိရဲ့သားနဲ့ လမ်းပျောက်တာလောက်ဆိုးတဲ့ ဘ၀ ရှိမလား အတိတ်ကံနည်းတယ်ပဲဆိုဦး ငါ...၀ီရိယတွေလွန်လို့ ကျွန်တောင်ဖြစ်တော့မယ်။။။။။။။။။။။။။
ဥပက္ခာ ၁၀၀%
ကောင်မလေးရေ နင်စာဖတ်တတ်မှန်းသိလို့ ငါစာရေးမိပါတယ် ငါ့စာတွေရဲ့တန်ဖိုး နင်ဘယ်လိုသတ်မှတ်ပါသလဲ........ ကောင်မလေးရေ နင်ကြားနိုင်မှန်းသိတာမို့ ငါပြောမိခဲ့ပါတယ် ငါမင်းကိုသိပ်ချစ်တယ် ပဲ့တင်ထပ်လို့ မင်းကြားနိုင်ပါစေ...... ကောင်မလေးရေ နင်ချစ်နေမှန်းသိလို့ ငါမေးမိပါတယ် ငါ့အမေးစကား တစ်ခွန်းထက်ပိုသွားတာ ကြားချင်လွန်းလို့ပါ.............. ကောင်မလေးရေ နင်မြင်နိုင်မယ်သိလို့ ငါပြမိပါတယ် ငါ့အကြင်နာတွေေ၀၀ါးမနေပါဘူး............... ကောင်မလေးရေ ငါခံစားတတ်မှန်းသိလို့ နင်မနှိပ်စက်ပါနဲ့ကွာ နင့်ဥပက္ခာတွေ ရင်နဲ့မဆန့်တော့ဘူး.............
Quality Video တွေကို Download ဆွဲမယ်
တော်တော်လေးကို သဘောကြဖို့ကောင်းပါတယ်။ နိုင်ငံခြား ဇာတ်လမ်းတွေ ကို... More
ငယ်သူငယ်ချင်းများနဲ့ ကျောင်းတော်ကြီး (အ.ထ.က.၆၊အလုံ)
F ace Book မှာ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့မှ ငယ်ငယ်တုန်းက အကြောင်းလေးတွေ... More
မြစ်ကြီးနား
အရင်post က ကချင်ပြည်နယ် မိုးညှင်း အကြောင်း ။ နောက် ခုရေးမယ့် Post က ကချင်ပြည်နယ်... More
နိင်ငံတော်အလံကို အလေးမပြုကြသူများ
ပထမဆုံး ပြောချင်တာက ဒီ POST ကို ရေးတာ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့... More
တုတ်ကွေးကို ဘယ်လိုကာကွယ်မလဲ
ရန်ကုန်ကို တုတ်ကွေးရောက်ပြီသတင်းကြားကြတာနဲ့ တစ်မြို့လုံး Mask တွေနဲ့... More
အထက်တန်းကျောင်းသားဘ၀(သို့)မိုးညှင်း
အထက်တန်းကျောင်းသားဘ၀ ဆိုမှ ရန်ကုန်မြေကနေ ခွာခဲ့တဲ့ နေ့ကို သတိရတယ်။ ... More
အောင်မြင်ရေးအလင်းတန်းများ
Post အသစ်ရေးချင်လွန်းလို့ တစ်နေ့တစ်နေ့ စဉ်းစားတာ ။ ငါဘာရေးရင်ကောင်းမလဲ... More
တိတ်တိတ်ပုန်း
အိုတကယ်ပါ တိတ်တိတ်ပုန်းပါပဲ ဖွင့်ပြောဖို့လဲခက် ဆက်သွားဖို့လဲမတတ်နဲ့ ရှေ့တိုးရင်... More
ကောင်မလေးသို့
ကောင်မလေးရေ နင့်အလှမှာ အမြဲ ရစ်မူးနေခဲ့တဲ့ ငါက နင့်ကို လှတယ်လို့... More
တိတ်တိတ်ပုန်း
အိုတကယ်ပါ တိတ်တိတ်ပုန်းပါပဲ ဖွင့်ပြောဖို့လဲခက် ဆက်သွားဖို့လဲမတတ်နဲ့ ရှေ့တိုးရင်... More
ကောင်မလေးသို့
ကောင်မလေးရေ နင့်အလှမှာ အမြဲ ရစ်မူးနေခဲ့တဲ့... More
ကောင်ဆိုးမလေးသို့
သိရဲ့လား….. ကောင်ဆိုးမလေးရေ ငါ့စိတ်တွေသာ လက်တွေခြေတွေပါခဲ့ရင် နင့်ခေါင်းတစ်ခုလုံးလဲ ဖူးယောင်လို့နေမှာပဲ သိရဲ့လား….. ကောင်ဆိုးမလေးရေ ငါ့အိပ်မက်တွေသာတကယ်ဖြစ်နေမယ်ဆိုရင် နင်... More
ဂုဏ်သိက္ခာမလေးသို့
ငါ့ဂုဏ်သိက္ခာမလေးရေ တင်ဆက်နေတဲ့ ငါ့မျက်နှာထက် ကန်လန့်ကာနောက်က ငါ့ရင်ခွင်ကပို... More
အို…..အချစ်သို့
နှုတ်ခမ်းနွေးတွေနဲ့ အလှမ်းဝေးမှာကြောက်တယ် ရင်ခွင်တံခါးကိုအသေပိတ်ခဲ့ပြီ သူ့စိတ်တွေနောက်ပြန်မသွားပါစေနဲ့။... More
သိပ်ချစ်ရသောစာကလေးမလေးသို့……
ကျွန်တော့ဘ၀ရဲ့ နူးညံ့သိမ်မွေ့မှု ၊ မျှော်လင့်ချက်၊ပြီးတော့ချစ်ခြင်းမေတ္တာ…….... More
ကျွန်တော့အကြောင်းပေါက်ကရ
ဒီနေရာကနေ စဖတ်ပြီဆိုတာနဲ့ ခင်ဗျားဟာ... More
ပျော်စရာရွှင်စရာဘလောဂ့်ကမ္ဘာ
တစ်နေ့တွင် ကျွန်တော်မောင်ရက်ရာဇာသည် ကျွန်တော့်၏... More
ဘာဖြစ်သလဲနာဂစ်ရယ်
အဲဒီနေ့ကပေါ့ ည ၉နာရီလောက်အိပ်ယာထဲဝင်ဖြစ်တယ်လေ။... More
တသက်မခွဲ ရွှေလက်တွဲလိုသူများအတွက်
ခုကျွန်တော်ရေးမယ့်အကြောင်းအရာတွေက လူပျို... More
























